ဇလွန်မြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာမြို့နယ်အဆင့် သင်တန်းဖွင့်

ဇလွန် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်  ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာမြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီတွင် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းက ကလေးငယ်များ၏  ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို သင်တန်းနည်းပြ ဆရာ ၊ ဆရာမ များနှင့်ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာကြီး ဦးဖုန်းဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းအားဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG နှင့် Grade - 1 သင်ကြားသော ဆရာ ၊ ဆရာမ ၃၉၆ ဦး တက်ရောက် သင်ကြားပြီး သင်တန်းကို (၂၂.၃.၂၀၂၄ ) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ ဇလွန် (ပြန်/ဆက်)