ဒေးဒရဲ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာမြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးလှစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ကလေးငယ်များ၏ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာရဲရင့်အောင်က သင်တန်းတွင် ပို့ချဆွေးနွေးသွားမည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၄၃၈) ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကို၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း