ညောင်လေးပင်မြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

ညောင်လေးပင် မတ်၂၁

ညောင်လေးပင်မြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းတွင် မြို့နယ်ကျောင်းကျန်းမာရေး အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်မျိုးမျိုးခိုင်နှင့် သားဖွားဆရာမ နော်ဝါးထူးတို့က ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်း ဆိုင်ရာများကို (၂)ရက်တိုင် တိုင်ပို့ချပေးမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၃၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)