ကန့်ဘလူ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်း များရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်၊ စာဖတ်ခြင်း ဖြင့် ရရှိလာနိုင်သည့်အကျိုးကျေးဇူးများ၊ ဘဝရည်မှန်းချက်များထားရှိပြီး ဆန္ဒပြင်းပြစွာ လုပ်ဆောင်ရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် မိမိတို့ဝါသနာပါရာ အားကစားနည်း များကို လေ့ကျင့်ကြရန်၊ နိုင်ငံတော်က အားထားရသည့် လူတော်လူကောင်းများဖြစ်စေရန် ကြိုးစားကြရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သုတရသ စာအုပ်စာစောင်များနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)