မုံရွာ မတ် ၂၁
အမှတ် ၁၁၄ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးလှထွန်းဦးဆောင်မှုဖြင့် ယာဥ်ထိမ်းရဲတပ်ဖွဲ့ဝင်များသည် ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အမှတ် ၁၁၄ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးလှထွန်းက ယာဥ်စည်းကမ်းလမ်းစည်းကမ်း သိကောင်းစရာများနှင့် ဆောင်ရန်ရှောင်များကိုလည်းကောင်း၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေ(၂၀၂၀)အား လိုက်နာရန်အတွက် ဆောင်ရန်၊ရှောင်ရန်များကို လည်းကောင်း power point ဖြင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် ယာဥ်ထိမ်းရဲတပ်ဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)