ဆင်ပေါင်ဝဲ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီကင်းထောင်သင်တန်းကို ယနေ့နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး သင်တန်းများကို မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များအနေဖြင့် ရပ်ကျိုး၊ ရွာကျိုးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းသယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အခြေပြုကင်းထောက်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေပြုကင်းထောက်သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၂၀)ဦးတို့အား သင်တန်းနည်းပြ ၃ ဦးတို့က သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှ ၅ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)