မုံရွာ မတ်၂၁
မုံရွာခရိုင်ပညာရေးမှူးရုံး၏ ဦးဆောင်မှုဖြင့် ၂၀၂၃၂၀၂၄ပညာသင်နှစ်အခြေခံပညာမူလတန်းအဆင့်သင် (အလုပ်ခွင်ဝင်စ) ဆရာ၊ ဆရာမများစွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြဆရာ ၊ ဆရာမများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာမုံရွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက မျက်မှောက်ကာလသည် ပညာခေတ်ဖြစ်သည့်နှင့်အညီ ဆရာများ၏ အခန်းကဏ္ဍမှာလည်း အခရာကျလှပါတယ်။ ဆရာ၊ ဆရာမများသည် ဆရာကျင့်ဝတ်၊ ဆရာသိက္ခာ၊ ဆရာ၊ ဆရာမ တာဝန်ဝတ္တရားနှင့်အညီ ပြုမူနေထိုင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပညာရှင်အကျော်အမော်များ၏ ဆရာဟူသောဝေါဟာရအား အနက်အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပုံကို ကြည့်ခြင်းအားဖြင့် ဆရာ ၊ ဆရာမများဟာ လူဘောင်လောကအတွက် အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍာမှာ ပါဝင်နေတာ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း အခြေခံပညာ KG + Grade-5 ထိ မူလတန်းအဆင့်၊ Grade-5 + Grade-9 ထိ အလယ်တန်းအဆင့်၊ Grade10 + Grade-12 အထိ အထက်တန်းဆင့်၊ အဆင့်သုံးဆင့်ခွဲပြီး၊ သင်ကြားနည်း စနစ်သစ်များဖြင့် သင်ကြားပေး နေတာကိုတွေ့ရပါတယ်။
`ယခုဆွေးနွေးပွဲသင်တန်းကို တက်ရောက်လာကြတဲ့ ဆရာ၊ ဆရာမ (၁၀၆) ဦးဟာ သင်တန်းကာလ (၂၁) ရက်မှ (၂၅) ရက်ထိ တပေါင်းလ ပြည့်နေ့အပါအဝင် (၅) ရက်တာဟာ ရက်နည်းလွန်းလှပေမဲ့ ရတဲ့အချိန်လေးမှာ ဘာသာရပ်တစ်ခုချင်းစီရဲ့ရည်ရွယ်ချက်၊ သင်ခန်းစာကိုမိမိတို့ဒေသမှာရှိတဲ့ သင်ယူသူကျောင်းသား၊ ကျောင်းသူများအတွက် သင်ပြနည်း (How to approach and How to Learn) ကို ကျောင်းသား၊ ကျောင်းသူများအတွက် သင်ခန်းစာတွေနှင့် ပတ်သက်ပြီးသိရုံ၊ မှတ်မိရုံတင်သာမက လက်တွေ့နယ်ပယ်မှာ အသုံးချတတ်လာအောင်၊ တီထွင်ဖန်တီးလိုတဲ့စိတ်တွေဖြစ်လာအောင် သင်ကြားလမ်းညွှန်ပေးသွားကြပါလို့ မှာကြားလိုပါတယ်။ အထူးသဖြင့် ဆရာ၊ ဆရာများသည် -Personal Development တစ်ကိုယ်ရေ တိုးတက်မှု့Professional Development အသက်မွေးဝမ်းကျောင်းပညာတိုးတက်မှု့BussinessDevelopmentစီမံခန့်ခွဲမှု့ဆိုင်ရာတိုးတက်မှု့၊ ဒီအချက်သုံးချက်ကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျွမ်းကျင်ကျင် ရှိအောင်လေ့လာ ကျင့်သုံးကြဘို့ တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းနည်းပြ ဆရာဆရာမ (၈) ဦးက ခရိုင်အတွင်းရှိ သင်တန်းသား/သူ (၁၀၆) ဦးအား Grade 1 မှ Grade 5အထိ သင်ခန်းစာများကို ကျယ်ကျယ်ပြန့်ပြန့် စာတွေ့လက်တွေ့ ရှင်းလင်းဆွေးနွေးသင်ကြားပေးလျက်ရှိပြီး သင်တန်းကာလ ၅ ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)