မြို့သစ် မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကာလတွင် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေးအတွက် အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးက အပူဒဏ်အန္တရာယ်ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အရေးပေါ်ရှေးဦးပြုစုခြင်းနှင့် အပူဒဏ်အန္တရာယ်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ပြီး အပူဒဏ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)