မင်းတုန်း မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ အကောင်အထည်ဖော်ဆောင်ရွက်မှု မတ်လပထမအပတ်တွင် လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေ (၆၈.၂၅)ကျပ်သန်းဖြင့် ခွေးတောက်ချိုကျေးရွာကုန်ထုတ်လမ်း ၂/၅ မိုင် မြေနီ ကျောက်စရစ် ခင်းခြင်းနှင့် Slab culvert တည်ဆောက်ခြင်း၊ ရန်ပုံငွေ (၂၆.၈၅၅) ကျပ်သန်းဖြင့်ဖြင့် ခုန်တိုင်ကျေးရွာ မြေသားရေကန်တူဖော်ခြင်း၊ ရန်ပုံငွေ (၁၅.၉၃၈)ကျပ် သန်းဖြင့် ပွေးဒူးကျေးရွာ မြေသား ရေကန်တူးဖော်ခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ (၂၆.၂၅)ကျပ်သန်းဖြင့် ဝန်တွင်းကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် ရေကျော် (၂) စင်းတည်ဆောက်ခြင်းနှင့် ရန်ပုံငွေ (၂၁.၃၈)ကျပ်သန်းဖြင့် စွန်သိုက်ကျေးရွာတွင် မြေသားရေကန် ပြုပြင်ခြင်းတို့ဖြစ်သည်။
အဆိုပါ လုပ်ငန်းများ၏ အကျိုးပြုဧရိယာများမှာ ခွေးတောက်ချိုကျေးရွာတွင် အကျိုးပြုဧက (၁၁၅)ဧက၊ ခုန်တိုက်ကျေးရွာတွင် အိမ်ခြေ (၄၆) အိမ်၊ ပွေးဒူးကျေးရွာတွင် အိမ်ခြေ (၁၀၄) အိမ်၊ ဝန်တွင်းကျေးရွာတွင် အကျိုးပြုဧက (၁၂၇) ဧကနှင့် စွန်သိုက်ကျေးရွာတွင် အိမ်ခြေ (၁၁၆) အိမ်အား အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။
ချင်းကလေး(N.R.D.C)