ညောင်တုန်း မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်သူများမှ တင်ပြလာသည့် ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များစသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)