ပေါင်းတည် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့မွန်းလွဲ ၁ နာရီတွင် ရုံးဌာနများသို့ ရွေ့လျားစာကြည့်တိုက် လှည့်လည်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ လုပ်ငန်းခွင်မပျက် စာအုပ်စာပေများ ငှားရမ်းဖတ်ရှုနိုင်ရေးနှင့် အသိပညာဗဟုသုတများ တိုးပွားနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုဆောင်ရွက်မှုကို မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ ဦးစီး၍ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ဌေးဌေးမြင့်တို့က ဆောင်ရွက်ခဲ့ကြပြီး၊ သုတစာအုပ် ၅၀ အုပ်၊ ရသစာအုပ် ၅၁ အုပ်နှင့် မဂ္ဂဇင်းစာစောင် ၅၅ အုပ်တို့ကို ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီလူငယ်သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်ပြပွဲများနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)