ပုသိမ်မြို့၊ သူတော်ကုန်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေသိကောင်းစရာ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်

ပုသိမ် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ သိကောင်းစရာများ အသိပညာပေး ဆွေးနွေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကမ်းနီကျေးရွာအုပ်စု၊ သူတော်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းသန့်နိုင်၊ အဖွဲ့ဝင်(၃) ဦးကျော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများ အား ပြည်သူများသိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရန်အသက်အရွယ် ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား  အသိပညာပေး ဆွေးနွေးခဲ့ကြပြီး ပြည်သူများအနေဖြင့် ကောလဟလ သတင်းများကြောင့် စိုးရိမ်ပူပန် မှုများ မဖြစ်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြင့်ဟန် (ပြန်/ဆက်)