မင်းလှမြို့တွင် နွေစပါး (၆၅၀၇) ဧကစိုက်ပျိုးပြီးစီး

မင်းလှ မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက (၁၂၈၉၄) ရှိရာ ဆည်ရေ၊ တမံပိတ်၊ ရေတံခါး၊ အင်းရေတင်တို့မှရရှိသော စိုက်ပျိုးရေဖြင့် မတ်လ ၁၉ ရက်နေ့ထိ နွေစပါးစုစုပေါင်း (၆၅၀၇) ဧကစိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၅၆) အုပ်စု၊ ကျေးရွာပေါင်း (၂၄၇) ရွာတို့၌ ၂၀၂၄ ခုနှစ် နွေစပါးကို ဇန်နဝါရီလ (၁၅) ကစတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ရတနာတိုးစပါး (၂၁၇၆) ဧက၊ ရက်ကိုးဆယ်စပါး (၁၄၄၀) ဧက၊ ထိုင်းနှံကောက် (၂၈၈၄) ဧက၊ YSR-1 (၇) ဧက စုစုပေါင်း (၆၅၀၇) ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ နွေစပါးလျာထားချက်ဧကပြည့်မှီနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ