အောင်လံမြို့နယ်၌ စိုက်ပျိုးရေးဝန်ထမ်းများက နွေစပါးဆာဖိုးသာစပါးမျိုး Seeder စနစ်ဖြင့် စိုက်ပျိုးခြင်းအား ကွင်းဆင်းဆောင်ရွက်

အောင်လံ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများသည် ရွှေပန်းတောအုပ်စု ကွင်းအမှတ် ၈၁၂.A တောင်သူဦးမြင့်သိန်းလယ်ကွင်းသို့ သွားရောက်၍ ဆာဖိုးသာစပါးမျိုး Seeder ဖြင့် စိုက်ပျိုးခြင်းနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြေင်း သိရသည်။

ထို့ပြင် အပင်ဦးရေးပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ စိုတလှည့် ခြောက်တလှည့် စနစ်ဖြင့် ရေကို အကျိုးရှိစွာသုံးစွဲရေး၊ အပင်(၂)လသားအတွင်း ပေါင်းမြက်ကင်းစင်ရေး၊ မြေဩဇာများကို အချိန်ကိုက်အချိုးကျထည့်၍ ပန်းတိုင်အထွက်နှုန်းပြည့်မှီရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦး စီးမှူးထံမှ သိရသည်။

မျိုးသိန်း(ပြန်/ဆက်)