ဟုမ္မလင်း မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံ (Grammar) သင်တန်းကို မတ်လ(၂၀)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဟုမ္မလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဧဆက်က ကျောင်းသား/ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ပန်းချီရေးဆွဲနည်းပညာကို စိတ်ပါဝင်စားသော ကလေးငယ်များအား ပန်းချီပညာကို အခြေခံမှစတင်လေ့လာနိုင်စေရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲများတွင်ဝင်ရောက် ယှဥ်ပြိုင်ရာတွင် အထောက်အကူပြုနိုင်ရန်နှင့် အင်္ဂလိပ်စာအခြေခံ (Grammar) သင်ကြားခြင်းဖြင့် ကျောင်းသင်ခန်းစာများတွင် အထောက်အကူပြု နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ် စာစောင်များနှင့် ပြတိုက်ငယ် (Museum) တွင် ခင်းကျင်းပြသထားသော ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့အသုံးအဆောင်များကို ဦးစီးအရာရှိ ဦးဧဆက်က လိုက်လံပြသခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းနည်းပြ ဆရာ ဦးဘဝယ်မှ အခြေခံပန်းချီရေးဆွဲနည်းများ၊ မျဥ်းအကြောင်း၊ ဆတိုး/ ဆခွဲနည်း၊ ကာတွန်းခေါင်းပုံသဏ္ဍန်ရေးဆွဲနည်း (မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေး ဆွဲနည်း၊ ကာတွန်းအချိုးအစား၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေးနည်းပညာ၊ အရာဝတ္ထု ရေးဆွဲနည်းများ ရှု့ခင်းပုံရေးဆွဲနည်းများ၊ ဆရာမ ဒေါ်နန်းသိင်္ဂီအေးက အင်္ဂလိပ်စာအခြေခံ (Grammar) ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျောင်းသား/သူ(၆၀)ဦးတို့အား နံနက်ပိုင်း(၉)နာရီခွဲမှ(၁၁)နာရီခွဲအထိ အခြေခံပန်းချီရေးဆွဲနည်းကိုလည်းကောင်း၊ကျောင်းသား/သူ (၃၀)ဦးတို့အား နေ့လယ်(၁)နာရီမှ (၃)နာရီအထိ အင်္ဂလိပ်စာအခြေခံ (Grammar) ကိုလည်ကောင်း (၂၀.၃.၂၀၂၄) မှ (၄.၄.၂၀၂၄) ရက်နေထိ (၂) ပတ်ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)