ကျောက်တံခါး မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်၍ အများပြည်သူကြည့်ရှုလေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့က ပြသဆောင်ရွက်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ သင့်ကြောင့် (ကဗျာ) နှင့် ကလေးအလုပ်သမား ဆိုင်ရာ ဓာတ်ပုံများကို ပြည်သူများ သိရှိနိုင်စေရန် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် လစဉ်နေ့ထူးနေ့မြတ်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မြို့နယ်တွင်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များနှင့် အများပြည်သူသိသင့်သိထိုက်သည့် အသိပညာပေးအကြောင်းအရာများအား စဉ်ဆက်မပြတ် လဲလှယ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)