ကျောက်ကြီး မတ်လ ၂၀
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် ပုံမှန်ဖွင့်လှစ်လည်ပတ်လျက်ရှိရာ ယနေ့နံနက် ရုံးဖွင့်ချိန်မှ စတင်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေငှားရမ်းသူများဖြင့် စည်ကားလျှက်ရှိသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ်ရုံးချိန်အတွင်း ဖွင့်လှစ်ကာ ကလေးစာပေများ၊ သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့်စာအုပ်များကို ဖတ်ရှုစေခြင်းနှင့် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)