မုံရွာ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မုံရွာတက္ကသိုလ်မေဂျာပေါင်းစုံ စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ (၅၊ ၆၊ ၁၂၊ ၁၃) ကျောင်းဆောင်များတွင် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ မုံရွာတက္ကသိုလ်မေဂျာပေါင်းစုံမှ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်စာမေးပွဲကို ပထမနှစ်မှ မဟာတန်းအထိစာရင်းရှိ လူဦးရေ ၉၉၆ အနက် ဖြေဆိုသူ ဦးရေ ၉၂၅ ဦး၊ ပျက်ကွက်သူ ဦးရေ ၇၁ ဦးရှိပြီး စာမေးပွဲဖြေဆိုနေမှုကို မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင်နှင့် တာဝန်ရှိသူများကလှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
မုံရွာတက္ကသိုလ် မေဂျာပေါင်းစုံ ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့လုံခြုံစွာ ဖြေဆိုနိုင်စေရန်အတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် လုံခြုံရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိကြောင်းနှင့် စာမေးပွဲကို မတ် ၁၉ ရက်မှ ၂၅ ရက်အထိဖြေဆိုမည်ဖြစ်သည်။
ခရိုင်(ပြန်/ဆက်)