တောင်ငူ နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ကိုဗစ် - ၁၉ အတည်ပြုလူနာများ တွေ့ရှိပါက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုများ ဆောင်ရွက်ပေးလျှက်ရှိရာ ရောဂါသက်သာပျောက်ကင်း၍ ကျန်းမာသူ တစ်ဦးကို ယနေ့နံနက်ပိုင်းက ဆေးရုံမှ ထပ်မံဆင်းခွင့်ပြုခဲ့ကြောင်း ၊ ယနေ့အထိ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ဦးရေ (၁၃၃) ဦး ရှိပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီးရုံးမှ သိရှိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ (၁)ဦးမှာ ကရင်ပြည်နယ် လိပ်သိုမြို့နယ်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုများခံယူကာ ရောဂါသက် သာပျောက်ကင်း သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားရှိသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရန် နှင့် ၎င်းနေအိမ်၌ အသွားအလာ (၇) ရက် ကန့်သတ် သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်အတွင်း ကိုဗစ် -၁၉ အတည်ပြုလူနာများ တွေ့ရှိပါက ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ပေးလျှက်ရှိရာ ကိုဗစ် - ၁၉ ပိုးတွေ့ လူနာ ၁၄၁ ဦး အနက် ရောဂါသက်သာပျောက်ကင်း ကျန်းမာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ဦးရေ စုစုပေါင်း ၁၃၃ ဦး အထိ ရှိပြီ ဖြစ်ကြောင်း ၊ ကျန်ရှိသူ (၈) ဦးအား မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်ဆောင်များတွင် ထားရှိကုသမှုများ ဆောင်ရွက်လျှက်ရှိကြောင်း ဆေးရုံအုပ်ကြီးရုံးမှ တာဝန်ရှိတစ်ဦးထံမှ သိရှိရသည်။
ဇော်ထက် (တောင်ငူ)