ငဖဲ မတ် ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Book Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသော လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသော လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ပါလူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့် စူးစမ်းလိုစိတ်အကြောင်း၊ မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်သန္တာအောင်က လူငယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ၊ လူငယ်နှင့်တာဝန်သိမှု၊ မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်ဝါဝါထိုက် က လူငယ်နှင့်အလှအပရေးရာများ၊ လူငယ်နှင့်လူမှုရေးအတွေးအခေါ်များအကြောင်းကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)