မြို့သစ် မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဆရာမ ဒေါ်ညွှန့်ညွှန်ကြည်က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရခြင်းနှင့်ပတ်သက်၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ကုသခြင်း၊ ရောဂါကူးစက်ခြင်းဆိုင်ရာလက္ခဏာများ၊ ကာကွယ်ဆေးထိုးနှံပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့ပေါ် (၅)ရပ်ကွက်မှ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ် (၇၀)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းအား ဆက်လက်ထိုးနှံပေးခဲ့ပြီး သတ်မှတ်ရက်အတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)