ပလက်ဝမြို့ရှိ မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

ပလက်ဝ  နိုဝင်ဘာ  ၄

ပလက်ဝမြို့ အမှတ်(၁)နှင့်အမှတ်(၂) မဲဆန္ဒနယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ပလက်ဝမြို့ မဲဆန္ဒနယ်အမှတ်(၁)တွင်ပါဝင်သော မြို့မအ.ထ.ကကျောင်းရှိမဲရုံ(၃)ရုံ၊ မြို့မမူလွန်ကျောင်း ရှိ မဲရုံ(၂)ရုံ ၊ အမှတ်(၂)မဲဆန္ဒနယ်တွင် ပါဝင်သော ရိက္ခာရပ်ကွက် အ.ထ.က(၂)ကျောင်းရှိ မဲရုံ(၂)ရုံ၊ မြို့သစ် အ.လ.ကကျောင်းရှိ မဲရုံ(၃)ရုံတို့တွင် မဲရုံလုံခြုံရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ် ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာကျော် ထံမှသိရသည်။

အောင်ကျော်(ပြန်/ဆက်)