ကဝမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


ကဝ နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်    နာရီကမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသောင်းကြည်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်တိုင်း/ခရိုင်အဆင့် ကော်မရှင်အဖွဲ့တို့၏ကြိုတင်ဆန္ဒမဲ    ကောက်ယူခြင်းနှင့်    စပ်လျဉ်းသည့်ညွှန်ကြား ချက်များ အား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တင်ရတနာဝင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ကဝမြို့သို့ အခြားတိုင်းဒေသကြီး/ပြည်နယ် များမှ ဝင်ရောက်လာ၍Facility Quarantine ထားရှိထားသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍  ရှင်းလင်းဆွေးနွေးခဲ့သည်။

  ထို့နောက်တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ ဝင်များကဝိုင်ဝန်း အကြံပြု ဆွေးနွေးကြကြောင်းသိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)