ဖျာပုံ မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကွန်ဒိုင်းကျေးရွာအုပ်စုနှင့် ကနိကျေးရွာ အုပ်စုတို့တွင် အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက် (၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ စာသင်ကျောင်းခန်းမတွင် ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက် (၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်၍ မြို့နယ်တိုက်နယ်မှူးများ၊ လက်ထောက် လ.ဝ.က မှူးများနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက် (၃)အဖြစ် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွန်ဒိုင်းကျေးရွာအုပ်စုနှင့် ကနိကျေးရွာအုပ်စုတို့ရှိ အသက် (၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိဘဲ စဥ်ဆက်မပြတ် အမြဲနေထိုင်သူများအား ငါးဦးကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာ မြို့နယ်များနှင့် ချိတ်ဆက်ညှိနှိုင်းပယ်ဖျက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ဖျာပုံမြို့နယ်အနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို့လည်း နေ့ရက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)