သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူ (၅၁)ဦး၏ Swab နမူနာများ ရယူ

သဲကုန်း  နိုဝင်ဘာ  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၅၁)ဦး၏ Swab နမူနာများအား (၂၅)ကြိမ်မြောက် ဓာတ်ခွဲခန်း စစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ်ထားရှိသည့် ရန်ကုန်မြို့မှ ပြန်လာသူ(၄၄)ဦး၊ ပဲခူးမြို့မှပြန်လာသူ()ဦး၊ ရခိုင်ပြည်နယ်မှ ပြန်လာသူ()ဦး၊ မန္တလေးမြို့မှပြန်လာသူ()ဦး၊ ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သူ()ဦး၊ စုစုပေါင်း(၅၁)ဦးတို့၏ Swab နမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ကျန်းမာရေးဌာန ဝန်ထမ်းများက  နမူနာများ ရယူခဲ့ပြီး ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း (သဲကုန်းပြန်/ဆက်)