အုတ်ဖို နိုဝင်ဘာ ၄
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသ ကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန် ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ရွေးကောက်ပွဲမတိုင်မှီ မဲရုံပြင်ဆင် ထားရှိမှုအခြေအနေများကြီးကြပ်ဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်၊ မီးဘေးလုံခြုံရေးနှင့် Quarantine ဝင်ရောက်နေသူများ ဆန္ဒမဲစနစ်တကျ ပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသိန်းဝင်းက ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေများ၊ မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်မှ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)