ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ချော လမ်းသစ်ဖွင့်

ဇလွန် မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံခမွန် - မြောက်စု ကျေးရွာချင်းဆက် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံခမွန် - မြောက်စု ကျေးရွာချင်းဆက် လမ်းသစ်ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင် တို့မှဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျုံခမွန် - မြောက်စု ကျေးရွာချင်းဆက် ကျောက်ချော လမ်းသစ်သည် လမ်းအရှည် ၆၀၀ ပေ ၊ လမ်းအကျယ်  ၁၂ ပေ ၊ ထု ၆ လက်မ ဖြစ်ပြီး ၂၀၂၃ - ၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)