ပခုက္ကူ မတ် ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ပြသခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်နှင့် ဝန်ထမ်းများက ကလေးအလုပ်သမားပေါ်ပေါက်လာရခြင်းအကြောင်းရင်းများ၊ ကလေးအလုပ်သမားဥပဒေများ၊ ကလေးအလုပ်သမားအသက်အရွယ်နှင့် အလုပ်ချိန်သတ်မှတ်ချက်များ၊ အလုပ်အကိုင်အမျိုးအစားများ၊ ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၏အဓိပ္ပါယ်များ၊ ကလေးအလုပ်သမားပပျောက်ရေးတားဆီးကာကွယ်ရမည့် နည်းလမ်းများ၊ မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက်အကြောင်းအရာများပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင် ပြသခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)