ကျောက်ကြီး မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် (၈) နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် မီးဘေးအန္တရာယ်အကြောင်း အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်ဖြင့် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်ဘုတ်တွင် မီးဘေးအန္တရာယ် ကြိုတင်သတိပေးချက်ရလျှင် မီးလောင်လွယ်သည့် လောင်စာဆီနှင့် မီးလောင်လွယ်သည့် ပစ္စည်းများအား ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာလျှင် လိုက်နာရန်အချက်များ၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မီးငြှိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဦးစီးဌာန၏ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကြေငြာချက်များ လိုက်နာဆောင်ရွက်ရန်အကြောင်း စသည်တို့အား ပြသခဲ့ရာ ဒေသခံပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)