ပုလော မတ်လ ၁၆
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် (ပဉ္စမ)နေ့ ရူပဗေဒဘာသာကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ ၁၂ နာရီအချိန်အထိ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာကို အထက(၁)ပုလော၊အထက(၂) ပုလော၊ အထက(ရှပ်ပုံ)၊ အထက(ပလ)၊ အထက(ပလောက်)၊ အထက (မလိကျွန်း)၊ အထက(ခွဲ)ကျောက္ကာ၊ အထက(ခွဲ)ကျောက်တောင် စသည့်ကျောင်းများမှ စာရင်းရှိ ၁၅၉ ဦးတွင် ဝင်ရောက် ဖြေဆိုသူ ၁၄၈ ဦးရှိကြောင်း၊ အလွတ်ဖြေ စာရင်းရှိ ၁၅ ဦးတွင် ၁၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း(Grade -12 ) ဓာတုဗေဒ ဘာသာရပ် စာမေးပွဲ၌ စုစုပေါင်းစာရင်းရှိ (၁၇၄)ဦး ၌ (၁၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား/သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် အမှတ်(၁)စစ်နယ်မြေမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ဆရာ၊ ဆရာမများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့နှင့်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အတွင်းစည်း/အပြင်စည်းများဖြင့် အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမော် (ပုလော)