မင်းလှ(အောက်) နိုဝင်ဘာ ၄
၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒနယ်မြေများအတွင်း ဆန္ဒမဲပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးက မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေးခြင်းကို နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါပစ္စည်းများကိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးခင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များတို့က ရပ်ကွက်/ကျေးရွာပေါင်း (၆၆)အုပ်စုရှိ မဲဆန္ဒနယ်မြေ(၁)နှင့် မဲဆန္ဒနယ်မြေ(၂) မှ မဲရုံပေါင်း (၁၁၇) ရုံအတွက် မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများကို ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အထူးရဲများထံ စနစ်တကျ ထုတ်ပေးခဲ့ကြောင်းသိရသည်။
ပေါက်စ (မင်းလှ)