မအူပင်မြို့နယ်၌ မီးဘေးသင့်ပြည်သူအတွက်ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံငွေပေးအပ်

မအူပင် နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရွှေလှေသောင်ကျေးရွာအုပ်စု လက်ပံ့ကျွန်းကျေးရွာ၌ အောက်တိုဘာ ၃ ရက်နေ့ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး လူဦးရေ(၄)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျေးရွာပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ် ရွှေလှေသောင်ကျေးရွာအုပ်စု လက်ပံကျွန်းကျေးရွာ၌ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး လူဦးရေ (၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ ကျပ်(၂၀၀၀ဝဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံးနှင့် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ ကျပ်(၈၄၀ဝိ/) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ ကျပ်(၂၀၈၄၀ဝိ/-) နှင့် Care Myanmar ပိုက်ဖျာ ၁ ချပ်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးမောင်က မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်