ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပနိုင်ရေး ဆရာတော်ကြီးထံလျှောက်ထား

ဝေါ မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ကြုံတူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကို (၂၄.၃.၂၀၂၄) ရက်နေ့ (တနင်္ဂနွေနေ့) (၁၃၈၅ခုနှစ်၊ တပေါင်းလပြည့်နေ့) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်နေအလှူရှင်များက ဝေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၁၆၈) ကျောင်းရှိ သံဃာတော် (၁၆၈) ပါးအား စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်နိုင်ရေးအတွက် မြို့နယ်အဆင့် ဆရာတော်အရှင်သူမြတ်ကြီး (၁၁) ပါး၏ သြဝါဒခံယူကာ ဝေါမြို့၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ကြုံတူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကို (၂၄.၃.၂၀၂၄) ရက်နေ့ (တနင်္ဂနွေနေ့) (၁၃၈၅ခုနှစ်၊ တပေါင်းလပြည့်နေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုက ဆရာကြီးများထံ လျှောက်ထားခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)