မအူပင် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူ များက ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ဆန္ဒမဲလက်မှတ်များ၊ မဲရုံအသီးသီးတွင်တာဝန်ထမ်းဆောင်ကြမည့်သူများ အတွက် PPE ဝတ်စုံများ၊ Face Shield များ၊ လက်အိတ်များ၊ လက်သန့်ဆေးရေများ၊ နှာခေါင်းစည်း (Mask) များနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ အစရှိသည့် ကျန်းမာရေးသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်သန်းမြင့်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဝင်းဝင်းမာ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိရာ ရပ်/ကျေး (၈၈) အုပ်စုမှ လာရောက် ထုတ်ယူခဲ့ကြသည်။
ညောင်တုန်းမြိုနယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ (၈၈) အုပ်စုတွင် မဲရုံပေါင်း ၃၁၁ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ၂၄၇၈၁၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်ခိုင်၊ (မအူပင်)