ကော့သောင်း မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ(၁၁) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရာ ယမန်နေ့တွင် ရူပဗေဒဘာသာရပ်ကို အ.ထ.က(၁)ကျောင်းစာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာနနှင့် အ.ထ.က(ခမောက်ကြီး)စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ကျောင်းတွင်းဖြေနှင့် လွတ်ဖြေ( Grade.12) ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရူပဗေဒဘာသာရပ်ကို အ.ထ.က(၁)စာစစ်ဌာနတွင် ကျောင်းတွင်းဖြေ(၇၁)ဦးနှင့် အပြင်ဖြေ ဖြေဆိုသူ (၁၁)ဦး စုစုပေါင်းဖြေဆိုသူ(၈၂)ဦး၊ အ.ထ.က(၂)စာစစ်ဌာနတွင် ကျောင်းတွင်းဖြေ ဖြေဆိုသူ (၅၁)ဦးနှင့် အလွတ်ဖြေဖြေဆိုသူ(၁၇)ဦး စုစုပေါင်းဖြေဆိုသူ(၆၈)ဦးနှင့် အ.ထ.က (ခမောက်ကြီး) စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းတွင်းဖြေ(၃၀) ဦး၊ စုစုပေါင်းဖြေဆိုသူ(၃၀)ဦး ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူအား ကော့သောင်းမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များက ကျောင်းသား၊ ကျောင်းသူများကို အားဖြည့်အချိုရည်၊ ရေနှင့် အာဟာရပြည့်မုန့်များ ဖြန့်ဝေပေး၍ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးရန် ပညာရေးဌာနမှကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ လုံခြုံရေးနှင့် အခြားလိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)