ဘုတ်ပြင်း မတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာနှင့်သမိုင်းဘာသာ ယနေ့နံနက်ပိုင်းမှ အထက-ဘုတ်ပြင်း စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း အထက-ဘုတ်ပြင်းစာစစ်ဌာနတွင် ရူပဗေဒဘာသာကို စာရင်းရှိဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆၅ ဦးရှိရာ ကျောင်းသားကျောင်းသူ (၂၅၃)ဦးဖြေဆိုကြပြီး ပျက်ကွက်(၁၂)ဦး ( ၉၂ ဒသမ ၇၃ ရာခိုင်နှုန်း)ဖြေဆိုကြပြီး ၊ သမိုင်းဘာသာကို စာရင်းရှိဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ( ၁) ဦးရှိရာ ကျောင်းသူ (၁)ဦးဖြေဆိုကြပြီး (၁၀၀ ရာခိုင်နှုန်း)ဖြေဆိုကြကြောင်းသိရသည်။
အ.ထ.က(ဘုတ်ပြင်း)စာစစ်ဌာနတွင် စုစုပေါင်း စာရင်းရှိဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆၆ ဦးရှိရာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၅၄ ဦး (၉၂ ဒသမ ၇၇ ရာခိုင်နှုန်း) ဖြေဆိုကြပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၂ ဦး (၇ ဒသမ ၂၃ ရာခိုင်နှုန်း) ပျက်ကွက်ခဲ့ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)