တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အသီးသီး၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆို

နေပြည်တော် မတ် ၁၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက် ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ် ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် အား ဆက်လက်ဖြေဆိုလျက်ရှိသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ  ကချင်ပြည်နယ်ရှိ မြို့နယ်များဖြစ်သည့် ဗန်းမော်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၀၁၂) ဦး ၊ ကရင်ပြည်နယ်ရှိမြို့နယ်များဖြစ်သည့် မြဝတီမြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၂၅) ဦး ၊ ဖြေဆိုမှု (၉၀) ရာခိုင်နှုန်း၊ ကော့ကရိတ်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၆၇) ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၂၈) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များဖြစ်သည့် ကန့်ဘလူမြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၉၃) ဦး ၊ ဖြေဆိုမှု (၉၇) ရာခိုင်နှုန်း၊  ကျွန်းလှမြို့နယ်တွင် ဖြေဆိုသူဦးရေ (၉၉) ဦး ၊ ဖြေဆိုမှု (၉၆) ရာခိုင်နှုန်း၊ မော်လိုက်မြို့တွင် ဖြေဆိုသူဦးရေ (၄၀၆) ဦး ၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်များဖြစ်သည့် ကျွန်းစုမြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၅၈) ဦး ၊ ဘုတ်ပြင်းမြို့နယ်၌ ဖြေဆိုသူဦးရေ (၁၅၄) ဦး ၊ ထားဝယ်မြို့တွင် ဖြေဆိုသူဦးရေ (၃၁၂) ဦး ၊ ဖြေဆိုသူဦးရေ (၁၇၄) ဦး၊  ပဲခူတိုင်းဒေသကြီးရှိ မြို့နယ်များဖြစ်သည့် ပဲခူးမြို့တွင် ဖြေဆိုသူဦးရေ (၁၁၅၁) ဦး ၊ ဖြေဆိုမှု (၉၇) ရာခိုင်နှုန်း၊ ဒိုက်ဦးမြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၅၂) ဦး၊ ဇီးကုန်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၄၇၉) ဦး ၊ ဖြေဆိုမှု (၉၈) ရာခိုင်နှုန်း၊ ကဝမြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၉၃) ဦး၊ ကျောက်ကြီးမြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၃၉) ဦး၊ အုတ်တွင်း ဖြေဆိုသူဦးရေ (၄၉၈) ဦး ၊ တောင်ငူမြို့နယ်တွင်      ဖြေဆိုသူဦးရေ (၈၅၀) ဦး၊ သဲကုန်း ဖြေဆိုသူဦးရေ (၅၁၂) ဦး ၊ သာယာဝတီမြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၆၄) ဦး ၊   မကွေးတိုင်းဒေသကြီးရှိ မြို့နယ်များဖြစ်သည့် ငဖဲမြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၀၁) ဦး၊ ကံမမြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၀၂) ဦး ၊ အထက်မင်းလှမြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၁၂) ဦး၊ ဆင်ပေါင်ဝဲ မြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၁၁) ဦး ၊ ဖြေဆိုမှု (၉၈) ရာခိုင်နှုန်း၊ နတ်မောက်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၄၇) ဦး ၊ ဖြေဆိုမှု (၉၇) ရာခိုင်နှုန်း၊  ကျောက်ပန်းတောင်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၇၈၄၉) ဦး၊ ပခုက္ကူမြို့နယ်၌ ဖြေဆိုသူဦးရေ (၆၀၀) ဦး၊ ဆိပ်ဖြူမြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၀၀) ဦး၊  တောင်တွင်းကြီးမြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၆၀) ဦး ၊ ဖြေဆိုမှု (၉၈) ရာခိုင်နှုန်း၊  မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်များဖြစ်သည့် ငါန်းဇွန်မြို့တွင် ဖြေဆိုသူဦးရေ (၁၆၀) ဦး ၊ စဉ့်ကိုင်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၁၇) ဦး ၊ ကျောက်ဆည်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၉၂၂) ဦး ၊ တောင်သာမြို့နယ်တွင် ဖြေဆိုသူဦးရေ (၄၃) ဦး ၊  နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဖြေဆိုသူဦးရေ (၁၂၉၈) ဦး ၊ ဇမ္ဗူသီရိ ဖြေဆိုသူဦးရေ (၈၃၀) ဦး ၊  မွန်ပြည်နယ်ရှိ မြို့နယ်များဖြစ်သည့် ကျိုက်မရောမြို့နယ် တွင် ဖြေဆိုသူဦးရေ (၃၄) ဦး ၊ ဖြေဆိုမှု (၈၉) ရာခိုင်နှုန်း၊  ရခိုင်ပြည်နယ်တွင်  သံတွဲမြို့နယ်တွင်  ဖြေဆိုသူဦးရေ (၁၁၂၅) ဦး ၊ အမ်းမြို့နယ်တွင်  ဖြေဆိုသူဦးရေ (၃၁၆) ဦး ၊ ကျိန္တလီမြို့တွင် ဖြေဆိုသူဦးရေ (၁၁၇) ဦး ၊ မာန်အောင်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၄၉၃) ဦး ၊ ငပလီမြို့နယ်တွင် ဖြေဆိုသူဦးရေ (၅၂၂) ဦး ၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များဖြစ်သည့် မှော်ဘီမြို့နယ်တွင်   ဖြေဆိုသူဦးရေ (၅၂၈) ဦး ၊ ဖြေဆိုမှု (၉၇) ရာခိုင်နှုန်း၊ ဒဂုံအရှေ့မြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၈၈) ဦး ၊ ဖြေဆိုမှု (၉၃) ရာခိုင်နှုန်း၊ ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၄၉၉) ဦး ၊ လှည်းကူးမြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၂၉၁) ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၁၃) ဦး ၊ ဖြေဆိုမှု (၉၀) ရာခိုင်နှုန်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၂၇) ဦး ၊ ရှမ်းပြည်နယ်ရှိ မြို့နယ်များဖြစ်သည့် မိုင်းပန်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၄၂) ဦး ၊ ဖြေဆိုမှု (၈၉) ရာခိုင်နှုန်း၊ ခိုလမ်မြို့တွင် ဖြေဆိုသူဦးရေ (၈၄) ဦး ၊ ကွန်ဟိန်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၁) ဦး ၊ ဖြေဆိုမှု (၈၉) ရာခိုင်နှုန်း၊ မိုင်းယန်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၂) ဦး ၊ မိုင်းဆတ်မြို့တွင် ဖြေဆိုသူဦးရေ (၁၇) ဦး ၊ ဖြေဆိုမှု (၉၀) ရာခိုင်နှုန်း၊ လားရှိုးမြို့တွင် ဖြေဆိုသူဦးရေ (၈၁၉) ဦး ၊ ဖြေဆိုမှု (၈၃) ရာခိုင်နှုန်း၊ ပင်းတယမြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၉၉) ဦး ၊ နောင်တရားမြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၅၆) ဦး ၊ ကျောက်တလုံးကြီးမြို့တွင် ဖြေဆိုသူဦးရေ (၆၁) ဦး ၊ လွိုင်လင်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၆၃) ဦး ၊ မိုင်းပျဥ်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၁) ဦး ၊ မိုင်းရှူးမြို့နယ်တွင် ဖြေဆိုသူဦးရေ (၈၀) ဦး ၊ မက်မန်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၈) ဦး ၊ ဖြေဆိုမှု (၈၅) ရာခိုင်နှုန်း၊ မောက်မယ်မြို့နယ် ဖြေဆိုသူဦးရေ (၄၇) ဦး ၊ နမ့်စန်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၃၃၄) ဦး ၊  နောင်ချိုမြို့နယ်တွင် ဖြေဆိုသူဦးရေ (၄၉၄) ဦး ၊ ပင်လောင်းမြို့တွင် ဖြေဆိုသူဦးရေ (၃၂၆) ဦး ၊ ဖြေဆိုမှု (၉၈) ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များဖြစ်သည့် မြန်အောင်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၄၄၂) ဦး ၊ ဖြေဆိုမှု (၉၃) ရာခိုင်နှုန်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၇၀၅) ဦး ၊ မြောင်းမြမြို့တွင် ဖြေဆိုသူဦးရေ (၁၀၃၅) ဦး ၊ ဖြေဆိုမှု (၉၅) ရာခိုင်နှုန်း၊ ဝါးခယ်မမြို့တွင် ဖြေဆိုသူဦးရေ (၁၁၅၁) ဦး ၊ ဒေးဒရဲမြို့နယ်တွင် ဖြေဆိုသူဦးရေ (၄၄၂) ဦး ၊ အိမ်မဲမြို့နယ်တွင် ဖြေဆိုသူဦးရေ (၇၁၉) ဦး ၊ ဖြေဆိုမှု (၉၆) ရာခိုင်နှုန်း၊ ကျိုက်လတ်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၅၈၁) ဦး၊ လပွတ္တာမြို့နယ်တွင် ဖြေဆိုသူဦးရေ (၆၁၅) ဦး ၊ ဖြေဆိုမှု (၉၇) ရာခိုင်နှုန်း၊ ဘိုကလေးမြို့နယ်တွင် ဖြေဆိုသူဦးရေ (၇၈၈) ဦး ၊ ဖြေဆိုမှု (၉၇) ရာခိုင်နှုန်း၊ ချောင်းသာမြို့တွင် ဖြေဆိုသူဦးရေ (၃၈) ဦး ၊ ကြံခင်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၂၆၂) ဦး ၊ ကျောင်းကုန်းမြို့၌ ဖြေဆိုသူဦးရေ (၇၉၀) ဦး ၊ ဖြေဆိုမှု (၉၇) ရာခိုင်နှုန်း၊ ကျုံပျော်မြို့နယ်တွင် ဖြေဆိုသူဦးရေ (၆၄၂) ဦး ၊ ဖြေဆိုမှု (၉၄) ရာခိုင်နှုန်း၊ ငပုတောမြို့နယ်တွင် ဖြေဆိုသူဦးရေ (၁၀၀၉) ဦး၊ ညောင်တုန်းမြို့နယ်တွင် ဖြေဆိုသူဦးရေ (၄၀၃) ဦး ၊ ဖြေဆိုမှု (၉၂) ရာခိုင်နှုန်း၊ ရွှေသောင်ယံမြို့တွင် ဖြေဆိုသူဦးရေ (၃၂) ဦး ၊ ဖြေဆိုမှု (၉၁) ရာခိုင်နှုန်း တို့ဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှ သိရသည်။ 

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိကာ တာဝန်ရှိသူများကလည်း သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။