ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာတွင်  မိရိုးဖလာကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေရရှိ

ရေဖြူ မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာသည် မိရိုးဖလာကွမ်းရွက် စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

နတ်တွင်းရွာရှိနေအိမ်များတွင် အိမ်တိုင်း၌ ခြံဝင်းကျယ်ကြီးရှိကာ ကွမ်းတိုင်များကို မိမိအိမ်ခြံတွင်လည်းကောင်း၊ ဥယျာဉ်ခြံတွင်လည်းကောင်း စိုက်ပျိုးကြသည်။

ယခု တပေါင်း၊ တန်ခူးလများတွင် မိုးနည်းနည်းဖျန်းပြီဆိုသည်နှင့် မြေပြင်ခြင်း၊ ကွမ်းတိုင်စိုက်ထူခြင်းလုပ်ငန်းများဆောင်ရွက်ပြီး တိုင်ခြေမှာ မျိုးဖြတ်ထားတဲ့ ကွမ်းရွက်အညွန့်များကို စတင်စိုက်ပျိုးကြကြောင်း၊ နွား‌ချေးကို အဓိကထား အစာကျွေးကြောင်း၊ အရိပ်ပေးရန်လိုကြောင်း နတ်တွင်းရွာ ကွမ်းစိုက်တောင်သူဦးသန်းဝင်းက ရှင်းပြသည်။

ယခု အချိန်အခါတွင် ကွမ်းယာဆိုင်သုံး ကွမ်းရွက် အရွက်ရေ ၁၀၀ ပါဝင်သည့် ကွမ်းရွက်တစ်စည်းကို ၂၀၀၀ ကျပ်ရရှိနေပြီး အိမ်သုံးကွမ်းရွက်တစ်စည်းကို ၁၀၀၀ ကျပ်ရရှိကြောင်း၊ ၁၅ ရက်တစ်ကြိမ်ခူးပြီး တိုင် ၃၀ စိုက်ထားလျှင် တစ်ကြိမ်လျှင် တစ်သိန်းခွဲကျပ်ရရှိကာ တစ်နှစ်ဝင်ငွေ ကွမ်းရွက်‌ေရာင်းခြင်းမှ သိန်း ၅၀ ကျော်ရရှိကြောင်း၊ တစ်ရွာလုံးသည် မိရိုးဖလာကွမ်းရွက်ကို စိုက်ပျိုးကာ ထားဝယ်မြို့သို့ရောင်းချကြောင်းနှင့် ဟင်းသီးဟင်းရွက်ကို အဓိကထား စိုက်ပျိုးကြောင်း သိရသည်။

ခတ္တာ