စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ထပ်မံဝယ်ယူပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေ အနေအား ကြည့်ရှုစစ်ဆေး

ရွှေဘို နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် အုပ်ချုပ်ရေး မှူးများနှင့်အတူ ယနေ့ နေ့လယ်(၁)နာရီခွဲက ရွှေဘိုမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သီးသန့်လူနာဆောင် အမှတ်(၂) တွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းငွေ (၈၈၂၁၄၅၀ဝိ)ကျပ်ဖြင့် VENTILATOR(အသက်ရှူစက်)(၂)လုံး၊ လူနာကုတင်(၁၄)လုံးနှင့် အောက်ဆီဂျင်ဖြည့်စက်များအား (ဒုတိယ)အကြိမ် ထပ်မံဝယ်ယူပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ရွှေဘိုမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ အခုလို အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်လှူဒါန်းပေးကြရာတွင် (ပထမ)အကြိမ် VENTILATOR (အသက်ရှူစက်)(၃)လုံးတို့အပြင်  ယခု ထပ်မံအသက်ရှုစက် (၂)လုံး စုစုပေါင်း VENTILATOR (အသက်ရှူစက်  (၅)လုံးရှိလာပြီ ဖြစ်တဲ့အတွက် အလှူရှင်များကို မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်းနှင့် COVID-19 ရောဂါ မပြန့်ပွားမကူးစက်အောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ အားလုံး အလေးထား ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားပြီး  ကုသရေးအပိုင်းတွင် ထပ်မံ လိုအပ်သည့်ပစ္စည်းများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ပြန်/ဆက်)