ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်များအတွက် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်

ဇလွန်       နိုဝင်ဘာ      ၄         

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ ခဲ့ရသည့် အိမ်ထောင်စုဝင်များအတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်တွင်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် တောင်ပို့တစ်ရာကျေးရွာအုပ်စု ၊ ရေလယ်သောင် ကျေးရွာတွင် အောက်တိုဘာလ ၃၀ ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ပြောင်းရွှေ့နေအိမ် ၂ လုံးအတွက်နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် (၂၀၀,၀၀၀) ၊ ဆန်ရိက္ခာ တစ်ပတ်စာ အတွက် တစ်ဦးလျှင်ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ ( ၁၁ )   ဦးတို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ် ( ၂၃,၁၀၀ ) ၊  စုစုပေါင်းထောက်ပံငွေကျပ် ( ၂၂၃,၁၀၀ ) တို့အား  ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)