လဟယ် မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူးဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် အဖွဲ့၀င်များသည် ယမန်နေ့ နေ့လယ်ပိုင်းက လဟယ်မြို့နယ် ဟွေထိုက်ချောင်းအသေးစားရေအားလျှပ်စစ်စီမံကိန်း ရေအားလျှပ်စစ်တမံ ဖောင်ဒေးရှင်းကွန်ကရစ်သွန်းလောင်းခြင်းနှင့် ရေလွှဲရေထုတ်ပြွန်ကွန်ကရစ်သွန်းလောင်းခြင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
၎င်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဟွေထိုက်ချောင်းရေအားလျှပ်စစ်စီမံကိန်းတာ၀န်ခံမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)