ပိုင်ကျုံ နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင်ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများမီးဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေး အန္တရာယ်လုံခြုံ ရေးစစ်ဆေးခြင်းကို ပိုင်ကျုံမြို့ မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဦးစောထီးမှူးဂျူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပိုင်ကျုံမြို့အတွင်းရှိဖွင့်လှစ်ထားသော မဲရုံများအား မီးလောင်မှု မဖြစ်ပေါ် စေရေး၊ မဲရုံများအနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများ၏ မီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှုအခြေအနေများနှင့် မီးဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)