လပွတ္တာ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယမန်နေ့နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးလွင်ကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွင်း ဇန်နဝါရီလ(၁)လစာအဖြစ် လပွတ္တာမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် (၂၆၃၃)ဦးအတွက် တစ်ဦးလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် (၃၉၄၉၅၀၀၀)ကျပ်နှင့် ကလေး (၃၃၃၉) ဦးအတွက်တစ်ဦးလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့်(၅၀၀၈၅၀၀)ကျပ် စုစုပေါင်း (၅၉၇၂)ဦးအား ထောက်ပံ့ငွေကျပ် (၈၉၅၈၀၀၀၀)အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ အဘိုးအဘွားများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မူမူ(ပြန်/ဆက်)