အထက်မင်းလှ မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းကို မတ်လ(၁၄)ရက်နေ့ နံနက်(၁၀)နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ကျေးရွာများရှိ ကျေးလက် ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများကကာ ကွယ်ဆေးထိုးနှံပေးလျက်ရှိရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကာကွယ်ဆေးထိုးနှံရန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် အမျိုးသမီးငယ် (၅၀၀)ဦးရှိရာ မတ်(၁၅) ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ(၄၀၄)ဦးရှိပြီး၊ ကျန်ရှိနေသည့် အမျိုးသမီးငယ်များအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)