ဘုရားသုံးဆူမြို့တွင် အသက် ၂ လ မှ ၁ နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်း ဆောင်ရွက်

ဘုရားသုံးဆူ နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် အသက်၂ လမှ၁နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်စောယုမာနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဘုရားသုံးဆူမြို့ ကြက်ခြေနီအဖွဲ့တို့ဖြင့်ပူးပေါင်း၍ အဆိုပါကာကွယ် ဆေးထိုးနှံခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းမျဉ်းနှင့်အညီ စနစ်တကျလက်ခံဆောင်ရွက်လျက်ရှိပြီးထိုးနှံသည့် ကာကွယ်ဆေးများအနေဖြင့် အသည်းရောင်အသားဝါဘီ၊ ဦးနှောက်တီဘီ၊ ပြင်းထန်ဝမ်းလျှော၊ ပိုလီယို(သောက်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို(ထိုးဆေး)၊ ဂျပန် ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးတို့ဖြင့် ကာကွယ်ဆေး(၁၄)မျိုးထိုးနှံခဲ့ပြီး ဆေးစိမ်ခြင်းထောင် များကို ၅နှစ်အောက် ကလေးငယ်များအတွက်အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

စောရဲဝင်းထွဋ်(ပြန်/ဆက်)