ဝေါ နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲရုံအလိုက်ခွဲပြီး သတ်မှတ်မဲပုံးတွင် ကြိုတင်ဆန္ဒမဲပေး လျက်ရှိရာ နိုဝင်ဘာလ (၃) ရက်နေ့အထိ ကြိုတင်မဲကို (၁၀၃၈) ဦး လာရောက်ဆန္ဒပြုမဲပေးသွားကြောင်း သိရသည်။
အဆိုပါ ကြိုတင်မဲပေးရာတွင်လည်း မဲဆန္ဒရှင်ပြည်သူများနှင့် မဲရုံတာဝန်ရှိသူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ ဝေါမြို့နယ်တွင် အသက် (၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ (၁၅၈၇၃) ဦးရှိသည့် အနက် နိုဝင်ဘာ (၃)ရက်နေ့ ညနေ (၄) နာရီခွဲအထိ ကြိုတင်ဆန္ဒမဲပေးသူ ကျား (၃၉၆) ဦး၊ မ (၆၄၂) ဦး စုစုပေါင်း (၁၀၃၈) ဦး ကြိုတင်ဆန္ဒမဲ ပေးသွားပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)