ကလေးမြို၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ကလေး  မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ မိဘပြည်သူများ သိရှိလေ့လာနိုင်ရန် ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လူစည်ကား ရာနေရာများတွင်အခမဲ့ဖြန့်ဝေ ခဲ့ကြောင်းသိရှိရသည်။  

အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ဘာကြောင့် ပြည်သူ့စစ်မှု ထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှု ထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များကို ဖော်ပြပေးထားကြောင်းသိရသည်။

ကလေးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာမျာနှင့်ပတ်သက်၍ ပြည်သူများ ပိုမိုသိရှိနားလည်နိုင်စေရေးအတွက် ခရိုင်၊ မြို့နယ့်အဆင့်နှင့် ရပ်ကွက်၊ ကျေးရွာတာဝန်ခံများ၊ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးပွဲများ၊ လူစည်ကားရာနေရာများတွင် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)