ဘိုကလေးမြို့နယ်သို့ ဥရောပသမဂ္ဂ (အီးယူ)ရုံးမှ သံအမတ်ကြီးနှင့် အဖွဲ့ လာရောက်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများ လာရောက်လေ့လာကြည့်ရှု

ဘိုကလေး မတ် ၁၅

ဒေသဖွံ့ဖြိုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အခြေစိုက် GRET” NGO အဖွဲ့အစည်းမှ ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ ကုလားကြီးချောင်း ကျေးရွာတွင် ဒေသခံတောင်သူများနှင့် အတူ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် The European Union(EU) ၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော “စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှုအတွက် စိုက်ပျိုး ရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် တန်ဖိုးကွင်းဆက်များနှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအား စီမံကိန်းတည်ရှိရာ ကုလားကြီးချောင်းကျေးရွာသို့ ရန်ကုန်တိုင်းဒေသကြီးရှိ ဥရောပသမဂ္ဂ(အီးယူ)ရုံးမှ သံအမတ်ကြီး H.E Mr.Ranieri Sabatucciနှင့် အဖွဲ့သည် ယမန်နေ့ နေ့လယ် (၁)နာရီခွဲအချိန်တွင် ရောက်ရှိလာပြီး စီမံကိန်းဆောင်ရွက်ထားမှုများအား လာရောက်လေ့လာကြည့်ရှုခဲ့သည်။

လေ့လာကြည့်ရှုရာတွင် သံအမတ်ကြီး H.E Mr.Ranieri Sabatucci နှင့် အဖွဲ့သည်  ကျေးရွာ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သတ်၍ ရေရှည်ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်သားအမြောက်အများလိုအပ်သည့် ဖွံ့ဖြိုးရေး စီမံကိန်းမှ သစ်တိုချောင်းကျေးရွာအုပ်စု၊ ကုလားကြီးချောင်းကျေးရွာတွင် ဖောက်လုပ်ထားသော ကုန်ထုတ် လမ်းနှင့် စပ်လျဉ်း၍ စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းပြီး စီမံကိန်းလယ်သမားသင်တန်း ကျောင်းမှ တောင်သူများ၏ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း၊ အရည်အသွေးမှီ ဆန်စပါးစိုက်ကွက်များအား လေ့လာခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား လေ့လာဆွေးနွေးခြင်း၊ ဟင်းသီးဟင်းရွက်များကို အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လေ့လာဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)