မိုးညို နိုဝင်ဘာ ၄
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ် ကာလ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လက်သန့်ဆေး၊ Face mask၊ Face shied ၊ ကျန်းမာရေးအင်္ကျီ(အဖြူ)စသည်တို့နှင့် မဲရုံတွင် အသုံးပြု နိုင် ရန်အတွက် မှင်အိုး(လက်တို့)၊ မီးအိမ်၊ တာလီပုံစံများ၊ မဲရုံကိုယ်စားလှယ်/အကူကိုယ်စားလှယ်များ နှင့် ရပ်/ကျေးအဖွဲ့ဝင်များ အတွက်စတစ်ကာများ၊ မဲရုံမှူးတံဆိပ်တုံး၊ ရွေးကောက်ပွဲတွင် အသုံးပြုရမည့် သတ်မှတ်ပုံစံများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ရပ်ကွက်/ကျေးရွာ (၄၂) အုပ်စု၌ မဲရုံပေါင်း (၁၆၉)ရုံ၌ ဆန္ဒမဲပေးနိုင်ရေးအတွက် ထားရှိကြောင်း သိရသည်။
ကိုမင်း(မိုးညို)