ကျောက်တံခါးမြို့နယ်၌ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင် (အခမဲ့) ဖြန့်ဝေ

ကျောက်တံခါး မတ် ၁၅

၂၀၂၄-ခုနှစ်၊ မတ်လ(၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းတွင် သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၄-ခုနှစ် (၇၉) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ "အမျိုးသားအကျိုးစီးပွားအတွက် အဓိကလုပ်ဆောင်" (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင် (ဆောင်းပါး)၊ မျိုးမြတ်မြတ်မြင့်‌ေမာင်ရေးသားသည့် "ဆက်၍ချီပါ တပ်မတော်" (ကဗျာ)၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ အစရှိသည့် အကြောင်းအရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)